၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေးအတွက် ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား (၁၈)ကားစာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ(၂)ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီထုတ်ပြန်ထားတဲ့ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား(၁၈)ကားကတော့ မရဲ့အေးခဲသွားကြသူများ၊ ဖုန်းရွှေ၊ ဘိုးတော် ကင်း၊ အရက်စက်ဆုံးအနမ်း၊ သံယောဇဉ်တွေသာကျည်ဆန်ဖြစ်ခဲ့ရင်၊ ယောကျ်ားကောင်း အတောင်နှစ်ဆယ်၊ တခုတ်တရ၊ အစိုးမရအနတ္တ၊ စိတ်ကကြိုး၊ နှောင်၊ သဘင်သည်မြနှင်းဆီ၊ အိမ်မက်ကာရန်၊ မီး၊ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ နို့ထမင်း၊ တိမ်ပန်းချီ၊ မိတင်စိန်နဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

အခုကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့မှာပါဝင်တဲ့ သူတွေအနေနဲ့ အကယ်ဒမီဆု မယူရဘူးဆိုတဲ့ စည်းမျဉ်းထုတ်ပြန်ထားတာဟာ ထူးခြားမှုတစ်ခုဖြစ်ပြီး အမှန်တ ကယ်ရသင့်ရထိုက်တဲ့သူတွေကို ရစေချင်တယ်လို့လည်း သရုပ်ဆောင်နိုင်လူက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၉ ရက် နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး အကယ်ဒမီ ရွှေစင်ရုပ်တု(၁၅)ဆု ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။