ရုံတင်ရက်ရဖို့ စောင့်နေတဲ့ ရုပ်ရှင်ကားတွေ ရာကျော်ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကနေ သိရပါတယ်။
ရုပ်ရှင်ရိုက်ကူးမှုအနေနဲ့ တစ်လကို ရုပ်ရှင်ကား (၇)ကားလောက် ရိုက်ကူးနေကြတာဖြစ်ပေမယ့် ရုံတင်နိုင်တဲ့ ရုပ်ရှင်ကားအရေအတွက်ဟာ တစ်လကို(၄)ကားထက် ပိုမတင်နိုင်ဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက တွဲဖက်အတွင်းရေးမှူး-၃ အကယ်ဒမီချမ်းသာကြည်စိုးက ပြောပါတယ်။
ကိုဗစ်ကာလနောက်ပိုင်း ရုပ်ရှင်ရုံတွေ ပြန်လည်စတင်လည်ပတ်ခဲ့တဲ့ ပထမ(၁)နှစ်အတွင်းမှာ ပြသခဲ့တဲ့ ရုပ်ရှင် ကားတွေဟာ အရှုံးပေါ်ခဲ့တယ်လို့လည်း အကယ်ဒမီချမ်းသာကြည်စိုးက ဆိုပါတယ်။
ကိုဗစ်ကာလနောက်ပိုင်း ရုပ်ရှင်ရုံတွေ စတင်လည်ပတ်လာတာဆိုရင် ၂ နှစ်ကျော်လောက်ရှိပြီဖြစ်ပြီး ပြန်လည် ဖွင့်လှစ်တဲ့ရုပ်ရှင်ရုံတွေ လည်း များပြားလာပြီဖြစ်ပါတယ်။