လာမယ့်ဇန်နဝါရီလ(၂၅)ရက်နေ့မှာ ကျရောက်မယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ (၁၁၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲ တော်ကို အဲဒီဥယျာဉ်အတွင်းမှာပဲ ဇန်နဝါရီလ(၂၄)ရက်ကနေ(၂၆)ရက်အထိ (၃)ရက်တိုင်တိုင် ပျော်ရွှင်စရာအစီ အစဉ်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာကြောင့် အခု၂၀၂၅ ခုနှစ်မှာ (၁၁၉)နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။အဲဒီပွဲတော်ကာလအတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေနဲ့အတူ ဂျိုကာရဲ့ တစ်ကိုယ် တော်ဖျော်ဖြေတင်ဆက်မှု၊ လက်ဆောင်တွေပါရယူနိုင်မယ့်ဗဟုသုတရဖွယ်ရာ game အစီအစဥ်တွေ၊ တိရစ္ဆာန် လေးတွေရဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားမယ့် talk show အစီအစဉ်တွေပါဝင် မယ်လို့ သိရပါတယ်။

ဒါ့အပြင် ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ၊ ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်တွေရယူနိုင်မယ့် အမေးအဖြေကဏ္ဍတွေအပြင် ဈေးရောင်းပွဲတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရ ပါတယ်။