စွဲမက်ဖွယ်ရာပြည်မြန်မာ ခေါင်းစဉ်နဲ့ Short Video ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်တာကြောင့် ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇွန်လ(၂၆)ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စွဲမက်ဖွယ်ရာပြည်မြန်မာ ခေါင်းစဉ်အောက်မှာ ခရီးသွားစွဲဆောင်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ ပွဲတော်တွေ နဲ့ မြန်မာ့ရိုးရာအစားအစာတွေအကြောင်း အသားပေးတင်ဆက်ရမှာဖြစ်ပြီး အင်္ဂလိပ်/မြန်မာ နှစ်ဘာသာမှာ နှစ်သက်ရာ ဘာသာအသုံးပြုကာ (၃)မိနစ်ထက်မပိုတဲ့ Video Clip နဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။
ပထမဆုကို ကျပ်(၁၅)သိန်း၊ ဒုတိယဆုကိုကျပ်(၁၂)သိန်း၊ တတိယဆုကို ကျပ်(၁၀)သိန်းနဲ့ နှစ်သိမ့်ဆု(၅)ဆု ထည့်သွင်းချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေ ပေးပို့ယှဉ်ပြိုင်လာတဲ့ Short Video တွေထဲက ဆုရဗီဒီယိုဖန်တီးသူတွေကို စက်တင်ဘာလ(၂၇)ရက် နေပြည်တော်ရှိ MICC-2 မှာကျင်းပမယ့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားပွဲမှာ ဆုတွေပေးအပ်ချီးမြှင့်သွား မယ်လို့ ဆိုပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဩဂုတ်လ(၁၆)ရက်၊ မွန်းလွဲ(၃)နာရီနောက်ဆုံးထားပြီး ပေးပို့ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစည်းမျဉ်းတွေ၊ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့နဲ့ ပြိုင်ပွဲဝင်ပုံစံတွေ ရယူဖို့အတွက် ထုတ်ပြန်ချက်မှာပါရှိတဲ့ QR Code ကို Scan ဖတ်တာ ဒါမှမဟုတ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး viber ဖုန်းနံပါတ် ၀၉-၈၈၀ ၈၉ ၆၉ ၅၇ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။