နိုင်ငံအများအပြားမှာ ကောက်ခံနေတဲ့ဈေးနှုန်းတွေကို ပိုမိုတိုးမြှင့်သွားတော့မှာဖြစ်ကြောင်း Netflix ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်၊ ကနေဒါ၊ အာဂျင်တီး နားနဲ့ ပေါ်တူဂီနိုင်ငံတွေမှာ စာရင်းသွင်းခကို အရင်ဆုံး တိုးမြှင့်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောပါတယ်။

Netflix မှာ လက်ရှိ စာရင်းသွင်းသူဦးရေ ၁၉ သန်းလောက်ရှိပြီး ကြည့်ရှုသူ အရေ အတွက် ပိုမိုများပြားလာတာကြောင့် စျေးနှုန်းတွေ မြှင့်တင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။Netflix Streaming ဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီး ပြန်လည်ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ဖို့အတွက် အခုလို ဈေးနှုန်းမြှင့်တင်တာဖြစ်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှီချုပ်က ပြောပါတယ်။

WWE နပန်းပွဲတွေအပါအဝင် တိုက်ရိုက်ပွဲစဉ်တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပြီး ၂၀၂၇ နဲ့ ၂၀၃၁ ခုနှစ်တွေမှာ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား (FIFA Women’s World Cup)အတွက် ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ Squid Game နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်တို့ရဲ့ လက်ဝှေ့ပွဲ အပါအဝင် အခြားသော အားကစားနည်း တွေကိုလည်း ဝန်ဆောင်မှုကောင်းကောင်းနဲ့ ထုတ်လွှတ်ပြသလာနိုင် တာကြောင့် Netflix မှာ စာရင်းသွင်းသူဦးရေ ပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။