ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ Polytechnic University တွေ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကနေ သိရပါတယ်၊၊
Polytechnic University ဟာ နိုင်ငံတကာမှာ နည်းပညာနဲ့ သက်မွေးပညာတွေရဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း တွေကို တစ်နေရာတည်းမှာ စုစည်းဖွင့်လှစ်နိုင်တဲ့ University တွေ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
Polytechnic University မှာတော့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်တွေနဲ့ အသုံးချသိပ္ပံ၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်တွေကို ဘွဲ့ကြိုသင်တန်းတွေအပြင် ဘွဲ့လွန်သင်တန်းတွေအထိ လက်တွေ့ ကျတဲ့ လေ့ကျင့်သင်ကြားမှုတွေကို လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်ပြီး သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်၊၊
လက်ရှိမှာတော့ အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံက Polytechnic University က နာမည်ရပြီး နိုင်ငံတကာက ကျောင်းသားတွေ တက်ရောက်မှုများပြားတယ်လို့ သိရပါတယ်။