အများပြည်သူကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ရန်ကုန်နဲ့ မန္တလေးရှိ စက်မှုဇုန်တွေကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့ ကာလတိုအနေနဲ့ သဘာဝဓာတ်ငွေ့ရည်(LNG)သုံး ဓာတ်အားပေး စက်ရုံတွေကနေ အမြန်ဆုံး ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြေကြားထားပါတယ်။

VPower LNG သင်္ဘောက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ မကြာခင် ပြန်လည်ဆိုက်ကပ်လာပြီး လျှပ်စစ် ဓာတ် အား ဖြန့်ဖြူးရေး ပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။မြန်မာနိုင်ငံမှာ နိုင်ငံတော်ဓာတ်အားစနစ်ကို ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစု ပေါင်းမှာ (၆၈၇၈)မဂ္ဂါဝပ် ရှိပေမယ့် ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ မဟာဓာတ်အားလိုင်းတွေက ဓာတ်အားလိုင်း တာဝါ တိုင်တွေေ ဖျက်ဆီးခံရမှုတွေကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေပြီး အခုကာလမှာ တစ်ရက်ကို ပျမ်းမျှ မဂ္ဂါဝပ် (၂၃၀၀)လောက်သာ ထုတ်လုပ်ပေးနိုင်တဲ့အတွက် စက်တပ်ဆင်အင်အားရဲ့ ရာခိုင်နှုန်း ၅၀ လောက်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ ဆိုပါတယ်။အဲဒါကြောင့် လက်ရှိကာလမှာ နိုင်ငံတော်ရဲ့ ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် (၃၄၀၀)လောက် ရှိတဲ့အတွက် ဝန်အား လျှော့ချထိန်းညှိတာတွေ ဆောင်ရွက်နေရတယ်လို့လည်း ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၅၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ၃၁ ရာခိုင်နှုန်းနဲ့ အချိုးကျ ဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။လက်ရှိမှာတော့ VPower LNG သင်္ဘောက ရောက်ရှိလာတာ မရှိသေးဘဲ သဘာဝဓာတ်ငွေ့ရည်(LNG)သုံး ဓာတ် အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးတာတော့ မရှိသေးဘူးလို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။ဒါ့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကာလတိုအဖြစ် သီလဝါ(သန်လျင်)နဲ့ သာကေတ သဘာဝဓာတ် ငွေ့ရည်(LNG)သုံး ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင် ရေး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖြေကြားထားပါ တယ်။