ဟားဗတ်တက္ကသိုလ်နဲ့ တိုရွန်တိုတက္ကသိုလ်တို့က အမေရိကန်ဗီဇာကန့်သတ်မှုကြောင့် ဟားဗတ်ဘွဲ့လွန် ကျောင်းသားအချို့ပြန်ဝင်ခွင့်မရနိုင်တဲ့အခြေအနေမှာ ကနေဒါမှာဆက်လက်သင်ကြားနိုင်ဖို့ အရေးပေါ်အစီ အစဉ်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ဒါဟာ မေလမှာ အမေရိကန်အမိမြေလုံခြုံရေးဌာနက ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာကျောင်းသားတွေ ခေါ်ယူခွင့်ဖယ်ရှားဖို့လုပ်ဆောင်ခဲ့ပြီးနောက် ကြေညာခဲ့တဲ့ ပထမဆုံးနိုင်ငံတကာကျောင်းသားတွေအတွက် အရန်အစီအစဉ်ဖြစ်ပါတယ်။

အမေရိကန်ဗီဇာအခက်အခဲဖြစ်နိုင်ခြေတွေနဲ့ပတ်သက်ပြီးဟားဗတ်တက္ကသိုလ်ရဲ့ John F. Kennedy School of Government က ကျောင်းသားတွေထဲက အမေရိကန်ပြန်မဝင်နိုင်တဲ့သူတွေအတွက် တိုရန်တိုတက္ကသိုလ်ရဲ့ Munk School of Global Affairs and Public Policy မှာ ဧည့်သွင်းကျောင်းသားအစီအစဉ်နဲ့ သင်တန်းတွေကို ဆက်လက်ဆည်းပူးနိုင်မယ့် ရွေးချယ်ခွင့်ရှိလာမှာဖြစ်ပါတယ်။

ကျောင်းသားတွေကြားမှာရှိတဲ့ မသေချာမှုတွေကို လျော့နည်းစေဖို့အတွက် အရေးပေါ်အစီအစဉ်တွေကို ကြေညာ တာဖြစ်ပေမယ့် ဗီဇာ ဒါမှမဟုတ် ဝင်ရောက်ခွင့်ကန့်သတ်မှုကြောင့် အမေရိကန်ကိုမဝင်နိုင်တဲ့ ကျောင်းသားတွေရဲ့ လုံလောက်တဲ့တောင်းဆိုမှုရှိမှသာ လက်တွေ့အကောင်အထည်ဖော်မယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ တယ်။ဒီအစီအစဉ်ကို အမေရိကန်ရှိ တက္ကသိုလ်မှာ တစ်နှစ်ပြီးဆုံးခဲ့ပြီးသား နိုင်ငံခြားကျောင်းသားတွေ အတွက်သာ အသုံးပြုနိုင်မယ်လို့ The Strait Times သတင်းမှာဖော်ပြပါရှိပါတယ်။