ယူအေအီးနိုင်ငံမှာ နောက်လာမယ့်ပညာသင်နှစ်ကစပြီး အေအိုင်ကို မသင်မနေရ ဘာသာရပ်အဖြစ် စတင် ထည့်သွင်း သင်ကြားတော့မယ့်အကြောင်း ddnews မှာ ဖော်ပြလာပါတယ်။ အဲဒီအစီအစဉ်ကို သူငယ်တန်းကနေ Grade- 12 အထိ ထည့်သွင်းသင်ကြားသွားမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ နည်းပညာပိုင်းဆိုင်ရာကို ထိပ်တန်း ဦးစားပေး အဆင့်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကြောင့် ယူအေအီးနိုင်ငံဟာ ကျယ်ပြန်တဲ့ အေအိုင်ပညာရေးကို အကောင်အထည်ဖော်တဲ့ နိုင်ငံတွေ ထဲမှာ ပထမဆုံးနိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း နည်းပညာကို ဟန်ချက်ညီညီ ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့အတွက် ကျောင်းသားတွေကို ဒေတာဖြည့်သွင်းတာ၊ အယ်ဂိုရီသမ်တွေ၊ အက်ပလီ ကေးရှင်းတွေ၊ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေအကြောင်း ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းကို ဖော်ဆောင်ပေးနေပါတယ်။