ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာကျောင်းသားတွေကို လက်ခံခြင်းမပြုဖို ထရမ့်အစိုးရရဲ့ တားမြစ်ပိတ်ပင် ထားမှုကို ခရိုင်တရားသူကြီးတစ်ဦးက ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆာချူးဆက်အခြေစိုက် ခရိုင်တရားသူကြီး အလီဆင်ဘရော့ဂျ်က ဇွန်လ ၅ ရက်မှာ ထရမ့်အစိုးရရဲ့ ပိတ်ပင်မှုကို ယာယီတားမြစ်လိုက် တာဖြစ်ပြီး အစိုးရရဲ့ အမိန့်စတင်အသက်ဝင်ရင် ဟားဗတ်လို အမေရိကန်ရဲ့ ထိပ်သီးတက္ကသိုလ်တစ်ခုမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို ပြောပါတယ်။

အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ နိုင်ငံတကာကျောင်းသားတွေ ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်ခွင့် ကို ၆ လကြာပိတ်ပင်တဲ့ တားမြစ်ချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ တာပါ။ တရားသူကြီး အလီဆင်ရဲ့ တားမြစ်မိန့်ကြောင့် လာမယ့် ဇွန်လ ၁၆ ရက် ကြားနာမှုမတိုင်ခင်အထိ တက္ကသိုလ်အနေနဲ့ နိုင်ငံတကာကျောင်းသားတွေကို ဆက်ပြီးလက်ခံခွင့် ရှိနေမှာဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်ဥက္ကဋ္ဌက နိုင်ငံတကာ ကျောင်းသာတွေအတွက် အရေးပေါ်အစီအစဉ်တွေ ရေးဆွဲနေတယ်လို ပြောထားပြီး အစိုးရဟာ တက္ကသိုလ်ရဲ့ လွတ်လပ်ခွင့်ကို အုပ်ချုပ်ရေးကို လွှမ်းမိုးဖို ကြိုးစားနေတာလို ပြောထား ပါတယ်။၂၀၂၄-၂၀၂၅ စာသင်နှစ်က ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာကျောင်းသား ၇၀၀၀ နီးပါး တက်ရောက် ခဲ့ပြီး စုစုပေါင်းကျောင်းသားဦးရေရဲ့ ၂၇ ရာခိုင်နှုန်းရှိပါတယ်။