ကနေဒါဟာ နိုင်ငံတကာကျောင်းသားတွေအတွက် အဓိက မျက်စိကျစရာနိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး ကနေဒါမှာ ပညာသင်ကြားလိုသူ ၉၄ ရာခိုင်နှုန်း ရှိတယ်လို့ VnExpress International မှာ ရေးသားဖော်ပြထားပါတယ်။ Reuters ရဲ့ ကျောင်းသား ၈၅၀ ဆီက စစ်တမ်းကောက်ယူထားတဲ့ စစ်တမ်းအရ ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ကနေဒါမှာ ပညာသင်ကြားဖို့ စိတ်အားထက်သန်နေတဘ်လို့ ဆိုပါတယ်။

ကျောင်းသား ၆၅ ရာခိုင်နှုန်းကတော့ ကနေဒါ၊ သြစတြေးလျ၊ ဂျာမနီ၊ အိုင်ယာလန်၊ ယူကေ နဲ့ အမေရိကတို့ ပါဝင်တဲ့ နိုင်ငံ ၆ နိုင်ငံကိုသာ ထည့်သွင်း စဉ်းစားလာကြပါတယ်။ နေထိုင်မှုစရိတ်တွေ မြင့်တက်လာတာကြောင့် ငွေကြေးကုန်ကျစရိတ်တတ်နိုင်မှုအပေါ် ကျောင်းသားတွေက အလေးထား ဆုံးဖြတ်လာကြတာပါ။ ၅၅ ရာခိုင်နှုန်းက ပညာသင်စရိတ်ကာမိအောင် အချိန်ပိုင်းအလုပ်လုပ်ဖို့ လိုတယ်လို့ ပြောကြားလာပြီး ၃၁ ဒသမ ၅ ရာခိုင်နှုန်းက အသုံးစရိတ်သေချာစီမံဖို့ လိုတယ်လို့ ပြောလာကြ ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းကလည်း အရေးပါပြီး အင်ဂျင်နီယာအလုပ်က နိုင်ငံတကာကျောင်းသား အများဆုံး စိတ်ဝင်စားတဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။

သူနာပြုအလုပ်က ဒုတိယအရွေးအများဆုံးဖြစ်ပြီး အိုင်တီ၊ ဆိုက်ဘာ လုံခြုံရေး၊ ဒေတာခွဲခြမ်းစိတ်ဖြာရေး စတဲ့ နည်းပညာဆိုင်ရာအလုပ်အကိုင်တွေကလည်း အရွေးအများဆုံး အလုပ်အကိုင် ၂၀ ထဲမှာ ပါဝင်ပါတယ်။ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာကျောင်းသားတွေကို ဆွဲဆောင်နိုင်ဖို့ စာသင်ချိန် အချိန်ဇယားတွေနဲ့ ငွေကြေးအခြေအနေတွေ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ လေ့လာသူတွေက အကြံပြု ထားကြပါတယ်။