နိုင်ငံတကာက ကျောင်းသားတွေ အမေရိကန်တက္ကသိုလ်မှာပညာသင်ကြားခွင့်ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်ဟာဥပဒေနဲ့မညီကြောင်း ၊ အဲ့ဒီကိစ္စကို ချက်ချင်းအရေးယူဆောင်ရွက်ပေးသင့်ကြောင်းဟားဗက်တက္ကသိုလ်က ထုတ်ဖော် ပြောကြားလာပါတယ်။

ထရမ့်ရဲ့ကြေညာချက်ထဲမှာ နိုင်ငံတကာက ထောင်နဲ့ချီတဲ့ကျောင်းသားပေါင်းများစွာကို အမေရိကန်မှာလာရောက်ပညာသင်ခွင့်ကိုတားမြစ်ပိတ်ပင်လိုက်ပြီး ၊ ဟားဗက်မှာလည်းအဲ့ဒီ ကျောင်းသားတွေကို ပညာသင်ခွင့်မပြုရဘူးလိုဆိုပါတယ်။ကျောင်းသားဝင်ခွင့်ပိတ်ပင်မှုကအနည်းဆုံး ၆ လနဲ့အထက်ကြာနိုင်ပြီး ထရမ့်ကသူ့ရဲ့သတ်မှတ်ချက်စံနှုန်းနဲ့ကိုက်ညီတဲ့လက်ရှိဟားဗက်ကျောင်းသားတွေကိုတော့ ပြန်လည်စဉ်းစားသုံးသပ်ပေးဖို အမေရိကန်နိုင်ငံခြားရေးဌာနကို ညွှန်ကြားထားပါတယ် ။အိမ်ဖြူတော်ပြောရေးဆိုခွင့်ရသူ Abigail Jackson ကတော့ ဟားဗက်ဟာ အမေရိကန်ကျောင်းသားထုတစ်ခုလုံးကိုအန္တရာယ်ဖြစ်စေတဲ့အပြင် ဧည့်ဗီဇာဖလှယ်ရေးစနစ်နဲ့အမျိုးသားလုံခြုံရေးကိုပါ စွန့်စားနေတာဖြစ်ပြအဲဒီအတွက် အကျိုးဆက်ကိုရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ် ။

ထရမ့်အစိုးရအဖွဲက နိုင်ငံရဲ့ အချမ်းသာဆုံးနဲ့ သက်တမ်းအရင့်ဆုံး တက္ကသိုလ်တွေကို ဘီလီယံနဲ့ချီတဲ့ရန်ပုံငွေတွေ ဖြတ်တောက်လိုက်တဲ့အပြင် အခွန်ကင်းလွတ်ခွင့်တွေကိုပါရုပ်သိမ်းလိုက်တာဖြစ်ပြီး ဥပဒေကြောင်းအရစိန်ခေါ်မှုတွေကိုလည်း ပေးနေခဲ့တာဖြစ်ပါတယ် ။ ဟားဗက်ကတော့ ကျောင်းအုပ်ချုပ်မှု ၊ သင်ရိုးညွှန်းတမ်း ၊တက္ကသိုလ်နဲ့ကျောင်းသားတွေရဲ့သဘောထားအမြင်တွေနဲ့ပတ်သတ်တဲ့ အစိုးရရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖိုငြင်းဆန်တဲ့အတွက်ကြောင့်လည်း အစိုးရဘက်ကလက်စားချေတာဖြစ်တယ်လိုဆိုပါတယ် ။