၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရဲ့ ဩဝါဒါစရိယဆရာတော်ကြီး နှစ်ပါးကို ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်၊၊ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ မေ ၂၉ ရက် မနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းမှာ ကျင်းပခဲ့တာပါ။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသထံက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် တွေနဲ့ ဝန်ထမ်းတွေက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။အဲဒီနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ နဲ့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ တိပိဋက နိကာယ မဟာဂန္ထဝင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ တို့ကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တွေက ဘွဲ့တံဆိပ်တော်နဲ့ လှူဖွယ်ဝတ္တုပစ္စည်း တွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်၊၊