ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မှု မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရဆေးဝါးအဖွဲ့ (GPO)က ဗိုင်းရပ်စ်ပိုးသတ်ဆေးနှစ်မျိုးဖြစ်တဲ့ favipiravir နဲ့ molnupiravir တို့ကို အရှိန်မြှင့်ထုတ်လုပ်နေကြောင်း The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။နိုင်ငံအတွင်းမှာ လက်ရှိပျံ့နှံ့နေတဲ့ အဓိက ဗိုင်းရပ်စ်က JN1 ဖြစ်ပြီး ကူးစက်နှုန်းက ပိုမို လျင်မြန်တယ်လို့ GPO ဒါရိုက်တာက ပြောပါတယ်။

ရောဂါလက္ခဏာတွေက အရမ်းမပြင်းတဲ့အတွက် အထူးစိုးရိမ်စရာ မရှိဖူးလို့ ဆိုပါ တယ်။ အခုနှစ် မေလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူအသစ် ၅ သောင်းကျော်နဲ့ သေဆုံးသူ ၅ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး အခုနှစ်အတွင်း ကိုဗစ်ကြောင့် စုစုပေါင်းသေဆုံးသူ ၄၆ ယောက်အထိ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ဗိုင်းရပ်စ်ဗေဒပညာရှင် တစ်ယောက်ရဲ့ပြောကြားချက်အရ အခုနှစ်အတွင်း ထိုင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက အရင်နှစ်တွေကထက် ဖြစ်ပွားမှုမြင့်တက်နေပြီး ရောဂါက ရာသီအလိုက် ပြင်းထန်လာနိုင်ပေမယ့် သေဆုံးမှု ကတော့ နည်းပါးနိုင်တယ်လို့ ပြောကြားထားပါတယ်။