မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြိုနယ်၊ တောင်ပြုံးကြီးရွာမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်ကို လာမယ့် ဩဂုတ် ၁ ရက်ကစပြီး ၈ ရက်ကြာ ကျင်းပသွားဖို စီစဉ်ထားတယ်လို ပွဲတော်ကျင်းပရေး ကော်မတီကနေ သိရပါတယ်။

တောင်ပြုံးကြီးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်-ဆု တောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး လောင်းလှူပွဲနဲ့ တောင်ပြုံး အရှင်နှစ်ပါး ပွဲတော်ကို ဩဂုတ် ၁ ရက်ကနေ ၈ ရက်အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားဖို ရှိနေတာပါ။ပွဲတော် ကျင်းပမှာ ဖြစ်တာကြောင့် ဘုရားဖူး တိုင်းရင်းသားပြည်သူတွေ၊ ရိုးရာဓလေ့ ကိုးကွယ်သူတွေနဲ့ လာရောက် ရောင်းချလေ့ရှိကြတဲ့ ဈေးသူ/ဈေးသားတွေ လာရောက်ကြဖိုကိုလည်း ပွဲတော်ကျင်းပရေး ကော်မတီက အသိပေး ကြေညာထားပါတယ်။

ပွဲတော်ကျင်းပနိုင်ဖိုအတွက် ဆိုင်ခန်းနေရာ ချထားမှုတွေ၊ လုံခြုံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစီစဉ် နေကြတယ်လို ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။တောင်ပြုံးပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ဘုရားဖူးပြည်သူတွေ၊ မင်းနှစ်ပါးကို ယုံကြည်သူတွေ၊ နတ်ပညာရှင်တွေ၊ ကန္နားစီးတွေ ဈေးသည်တွေနဲ့ စည်းကားတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။