၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲ (၃)ခုရဲ့ အမှတ်အများဆုံး ရရှိသူတွေကို ဇူလိုင် ၂၇ ရက်မှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။အောင်စာရင်းကိုတော့ ဇူလိုင် ၂၇ ရက်၊ မနက် ၆ နာရီအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်ကြေညာခဲ့ ပြီး ဘာသာတွဲ(၃)ခုရဲ့ အမှတ်အများဆုံးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပါ ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါ တယ်။

သိပ္ပံဘာသာတွဲရဲ့ အမှတ်အများဆုံးရရှိသူကတော့ (၆)ဘာသာဂုဏ်ထူးရှင် မင်းဘူးမြို့ No.1 ကိုယ်ပိုင်ကျောင်းက မောင်ဂျူးသက်ကို ဖြစ်ပြီး ရမှတ်ပေါင်းကတော့ (၅၄၇)မှတ် ဖြစ်ပါတယ်။ ဝိပ္ပံဘာသာတွဲရဲ့ အမှတ်အများဆုံးရရှိသူကတော့ ရမှတ်ပေါင်း(၅၂၀) ရရှိသူ နှစ်ယောက်ဖြစ်ပြီး စမ်းချောင်းမြို့နယ် (MEC)ကိုယ်ပိုင်ကျောင်းက (၆) ဘာသာဂုဏ်ထူးရှင် မယွန်းယမုံကျော်နဲ့ ပြင်ဦးလွင်မြို့ (စနိုးကွင်း)ကိုယ်ပိုင် ကျောင်းက (၆) ဘာသာဂုဏ်ထူးရှင် မသက်မှူးဝေဇင်တို့ ဖြစ်ပါတယ်။
ဝိဇ္ဇာဘာသာတွဲရဲ့ အမှတ်အများဆုံးရရှိသူကတော့ မိုးညှင်းမြို့နယ်၊ လုံးစန့် အထက်တန်းကျောင်းက ရမှတ်ပေါင်း (၄၈၁)မှတ်နဲ့ (၅)ဘာသာဂုဏ်ထူးရှင် မငြိမ်းငြိမ်းလွင် ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရ ပါတယ်။