လူမှုဖူလုံရေးအဖွဲမှာ အာမခံကြေးပေးသွင်းထားတဲ့အလုပ်သမားတွေရဲ့ အချိန်ပြည့်ပညာသင်ကြားနေတဲ့ သားသ မီးတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ်လို အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲက ထုတ်ပြန်ပါ တယ်။

အာမခံအလုပ်သမားတွေရဲ့ ပညာသင်ကြားနေတဲ့သားသမီးတွေအတွက် ပညာသင် စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် နဲ့ သက်ဆိုင်တဲ့ အမိန့်ကြညာစာထုတ်ပြန်ပြီး ၃ လအတွင်း အကျိုးခံစားခွင့်လျှောက်ထား ရမှာဖြစ်ပြီး ၃ လကျော်သွားတဲ့လျှောက်လွှာတွေကိုတော့ အရေးယူဆောင်ရွက်ပေးမှာမဟုတ်ဘူးလို ထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။
အကျိုးခံစားခွင့်နဲ့အကျုံးဝင်တဲ့ အာမခံအလုပ်သမားတွေရဲ့သားသမီးတွေအတွက် ထောက်ပံ့ငွေကို တစ်ပြေးညီ ခံစားခွင့်ရရှိစေဖိုအတွက် အာမခံထားသူရဲ့ အများဆုံးလုပ်ခဝင်ငွေကို ကျပ်သုံး သိန်း သတ်မှတ်ထားတယ်လို သိရပါတယ်။အာမခံအလုပ်သမားတွေရဲ့ မူလတန်းပညာသင်ကြားနေတဲ့ သားသမီးတစ်ဦးအတွက် ကျပ် ၃၀၀၀၀ ၊ အလယ် တန်းပညာသင်ကြားနေတဲ့ သားသမီးတစ်ဦးအတွက် ကျပ် ၄၅,၀၀၀ ၊ အထက်တန်းပညာသင်ကြားနေတဲ့ သားသ မီးတစ်ဦးအတွက် ကျပ် ၆၀,၀၀၀ နဲ့ တက္ကသိုလ်ပညာသင် သားသမီးတစ်ဦးအတွက် ကျပ် ၇၅,၀၀၀ ထောက်ပံ့ပေး မယ်လို သိရပါတယ်။

အဲဒီအကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးအာမခံအမှတ် (SSN Social Security Number ) ရရှိထားပြီး လက်ရှိအ လုပ်လုပ်ကိုင်နေတဲ့ အာမခံထားသူတွေထဲက မှတ်ပုံတင်ကာလ ၄၈ လ နဲ့ ထည့်ဝင်ကြေး ၃၆ လ ပေး သွင်းထားတဲ့ အာမခံလုပ်သားတွေက ရရှိမှာဖြစ်ပါတယ်။အလုပ်ရှင်တွေအနေနဲ့ အကျုံးဝင်တဲ့အာမခံအလုပ်သမားတွေအတွက် သတ်မှတ်စာရွက်စာတမ်းတွေကို သက်ဆိုင် ရာလူမှုဖူလုံရေးရုံးတွေကို ပြုစုတင်ပြရမယ်လို ဆိုပါတယ်။အဲဒီနောက် လူမှုဖူလုံရေးအဖွဲချုပ်က တင်ပြလာတဲ့ အကျုံးဝင်အလုပ်သမားစာရင်း နဲ့ ခွင့်ပြုငွေပမာဏကို စိစစ်ပြီး ပညာသင်စရိတ်ထောက်ပံ့ငွေ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။