မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၃)ကို ဇွန်လ၁၃ရက်က ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၊ သင်တန်းခန်းမမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။သင်တန်းမှာ International Relationshipဘာသာရပ်၊ Broadcasting Mediaဘာသာရပ်၊ App Monitizationဘာသာရပ်နဲ့ Media Counterဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

သင်တန်းကို အပတ်စဉ်သောကြာနေ့တိုင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး ဘာသာရပ်အလိုက် ဆရာတွေက သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒီသင်တန်းကို သတင်းမီဒီယာဌာနအသီးသီးမှာလုပ်ကိုင်နေသူတွေ၊ ပြင်ပကအလွတ်တန်းသတင်းမီဒီယာသမားတွေ ပါဝင်တက်ရောက်ကြတယ်လို့ သိရပါတယ်။