လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် (၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) မှာ အထူးပြပွဲ ခင်းကျင်းပြသဖို ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို သိရပါတယ်။

အဲဒါကြောင့် ပြတိုက်ကို ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၁၈ ရက်ထိ ခေတ္တပိတ်ထားမှာ ဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပြီး အရင်နှစ်တွေအတိုင်း အခမဲ့ ဝင်ရောက်လေ့လာခွင့် ပြုမှာ ဖြစ်တယ်လို ဆိုပါတယ်။အရင်နှစ်တွေကတော့ အထူးပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှာ ဘုတ်ပြား တွေနဲ့ ပြသတာ IT နည်းပညာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် နဲ့ မြေယာရှုခင်းတွေကို 3D Virtual Tour ပြသတာ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design ကို ပြသတာ၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ဗီရိုတွေ အတွင်းရှိ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးပြီး Mobile Application နဲ့ ပြသတာ၊ 3D Holographic Fan နဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတွေ၊ နှစ်အလိုက်အထူးပွဲ ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံမှတ်တမ်းပြကွက်တွေ ကို Touch Screen နဲ့ ပြသပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၂၁ ခုနှစ်က အကျယ်အဝန်း ၂ ဒသမ ၄၂၃ ဧကရှိတဲ့ မြေကွက်ပေါ်မှာ အနောက် တိုင်း ဗိသုကာဟန်ရောနှောထားတဲ့ ၂၀ ရာစု ဥရောပပုံစံတည်ဆောက်ခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ နေအိမ်မှာ မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ်ကနေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။