ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲတွေကို စက်တင်ဘာ ၉ ရက်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေတွေရှိ သင်တန်းကျောင်းအသီးသီးမှာကျင်းပခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၅) တက်ရောက်တာဝန်ထမ်းဆောင်မယ့်သူတွေဟာ သင်တန်းကျောင်းအသီးသီးကို စက်တင်ဘာပထမပတ်အတွင်းက ရောက်ရှိလာတာဖြစ်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးနောက် သင်တန်းဖွင့်ပွဲတွေကိုကျင်းပခဲ့တာပါ။

သင်တန်းဖွင့်ပွဲတွေကိုတော့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ကြပြီး သင်တန်းသားတွေကိုတွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။