စစ်ကိုင်းမြိုက ငလျင်ကြီးဒဏ်သင့် အဆောက်အဦးတွေ ပြန်လည် တည်ဆောက်ဖို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E မစ္စ မာကျားတို မေလ ၃၀ ရက် မနက်ပိုင်းက စစ်ကိုင်းမြို၊ အသင်္ခယာရိပ်သာဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲကနေ သိရပါတယ်။

ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြိုပေါ်ရှိ စာသင် ကျောင်းတွေ၊ လူနေအိမ်တိုက်တာတွေနဲ့ ဈေးတွေ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မဲ့ အခြေအနေတွေကိုတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို ဆိုပါတယ်။ဝန်ကြီးချုပ်နဲ့ တရုတ်သံအမတ်ကြီးတိုဟာ စစ်ကိုင်းမြို၊ ရွှေမင်းဝံဈေးရုံသစ်ဆောက်လုပ်မဲ့ မြေနေရာကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြတယ်လို သိရပါတယ်။

ဒါ့အပြင် မေလ၂၉ရက်ကလည်း စစ်ကိုင်းမြိုကငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ပြီး အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ပေးအပ်လှူဒါန်းခဲ့တယ်လို သိရပါတယ်။