ပြီးခဲ့တဲ့မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့ရတဲ့ နေပြည်တော်ရှိ နေအိမ် (၁၂၀၀၀)ကျော်ကို ငွေသားနဲ့အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးသွားမယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ငလျင်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရတဲ့ နေအိမ်တွေနဲ့ လုံးဝပျက်စီးခဲ့ရတဲ့ ဝါးထရံကာနေအိမ်တွေ၊ တစ်ထပ် ပျဉ်ထောင်အိမ်တွေ၊ နှစ်ထပ်ပျဉ်ထောင်အိမ်တွေနဲ့ တိုက်ခံအိမ်တွေကို အမျိုးအစားအလိုက် ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးရာမှာ အိမ်တစ်လုံးချင်းစီအတွက် သတ်မှတ်ထားတဲ့ ထောက်ပံ့နှုန်းထားရဲ့ သုံးပုံတစ်ပုံကို ငွေသားနဲ့ပေးချေမှာဖြစ်ပြီး ကျန်နှစ်ပုံကိုတော့ အိမ်ဆောက် ပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့နေအိမ်(၁၅၀၇)လုံး၊ လုံးဝ ပျက်စီးတဲ့နေအိမ်(၁၀၅၀၆) လုံးရှိခဲ့ပြီး ဇူလိုင်(၁၄)ရက်ကတော့ အိမ်အလုံး(၁၃၀၀)ကျော်အတွက် ငွေကျပ် ၇၃၁၂ သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။