၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို တိုကင်စနစ်နဲ့ ဩဂုတ် ၁၃ ရက် စပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ထုတ်ပေးခဲ့ပြီး ဆက်လက်ထုတ်ပေးနေတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။အမှတ်စာရင်းတွေ ထုတ်ပေးရာမှာ နေပြည်တော် ရုံးချုပ်မှာ ကောင်တာ ၄ ခုနဲ့ ရန်ကုန်ရုံးခွဲမှာ ကောင်တာ ၁၀ ခု ဖွင့်လှစ်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် ကောင်တာတွေ သတ်မှတ်ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပေးနေရာမှာ ဩဂုတ်(၁၄)ရက်က ထုတ်ပေးခဲ့တဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေနဲ့ ဧရာ၀တီတိုင်းဒေသ ကြီးအတွက် အမှတ်စာရင်းတွေကို ဩဂုတ်(၁၅)ရက်မှာ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဩဂုတ်(၁၅)ရက်ကထုတ်ပေးခဲ့တဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေနဲ့ နေပြည်တော်ကောင်စီနယ်မြေ အတွက် အမှတ်စာရင်းတွေကို ဩဂုတ်(၁၈)ရက်မှာ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်(၁၉)ရက်မှာ ဩဂုတ်(၁၈)ရက်က ထုတ်ပေးခဲ့တဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေနဲ့ မန္တလေးတိုင်းဒေသကြီး အတွက် အမှတ်စာရင်းတွေနဲ့ ဩဂုတ်(၂၀)ရက်မှာ ဩဂုတ်(၁၉)ရက်က ထုတ်ပေးခဲ့တဲ့ ပြည်နယ်၊တိုင်းဒေသကြီး တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် အမှတ်စာရင်းတွေကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါ တယ်။တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က စတင်ထုတ်ပေးခဲ့ပေမယ့် အမှတ်စာရင်း မှားယွင်းမှုတွေ ရှိခဲ့တာကြောင့် ဩဂုတ် ၄ ရက်မှာ ယာယီရပ်နားခဲ့တာ ဖြစ်ပြီး ဩဂုတ် ၁၃ ရက်ကစတင်ကာ ပြန်လည်ထုတ်ပေးနေတာ ဖြစ်ပါတယ်။