၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေမှာ လာမဲ့ ၂၂ ရက်ကစကာ ကျောင်းအပ်နှံနိုင်ပြီး ဘယ်အခ ကြေးငွေကိုမျှ လုံးဝ မကောက်ခံဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အခြေခံပညာကျောင်းတွေမှာ မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ပြီး ငါးနှစ်အရွယ် ကလေးငယ်တွေကို သူငယ်တန်း(KG)မှာ အပ်နှံဖို့နဲ့ ခြောက်နှစ်အရွယ် ကလေးတွေကို ပထမတန်း (Grade-1)မှာ အပ်နှံဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့အခါ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာ ရေး ကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေး အပါအဝင် ဘယ်အခကြေးငွေကိုမျှ လုံးဝမကောက်ခံဘဲ အခမဲ့ ထောက် ပံ့မှုတွေအနေနဲ့ သူငယ်တန်း(KG)ကနေ ဒွါဒသမတန်း (Grade 12) သင်ရိုးသစ် တက်ရောက်မယ့် ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ ထောက်ပံ့ ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်ထားပါတယ်။အဲဒီအပြင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ နဲ့ အရာထမ်း၊ အမှုထမ်းတွေအနေနဲ့လည်း ဘယ်အခကြေးငွေကိုမျှ ကောက်ခံတာ လက်ခံတာ မပြုလုပ်ဖို့၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံတာ မပြုလုပ်ဖို့၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ အခြားဘယ်ပစ္စည်းကိုမျှ မရောင်းချဖို့ စတဲ့ သိရှိ လိုက်နာရမယ့် အချက်တွေကို လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ကျောင်းအပ်နှံပေးမယ့် မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း မြို့နယ်အလိုက် သတ်မှတ်နယ်မြေတွေမှာ သာ ကျောင်းအပ်ဖို့နဲ့ ငွေကြေး ဒါမှမဟုတ် လက်ဆောင်ပစ္စည်းတွေကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ ဝန်ထမ်း တွေကို မပေးဖို့ စတဲ့ မေတ္တာရပ်ခံချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ် မေ ၂၃ ရက်ကနေ ဇွန် ၁ ရက်ထိ ကျောင်းအပ်နှံသူဟာ ၆ သန်းကျော် ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။