မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပြီး အဖြေလွှာတွေမီးလောင်သွားလို့ ပြန်လည်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဟာ ဇွန်လ၂၁ရက်မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

အခုကျင်းပတဲ့စာမေးပွဲကို ဇွန်လ၁၅ရက်ကနေ ၂၁ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှာ စာစစ်ဌာန ၁၉၅ခုဖွင့်လှစ်ပြီး ကျင်းပခဲ့တာပါ။စာမေးပွဲကိုဝင်ရောက်ဖြေဆိုဖို့ စာရငပေးသွင်းထားသူ ၆၃၆၇၃ယောက်ထဲက ၆၂၇၈၈ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုတဲ့ရာခိုင်နှုန်း ၉၈ဒသမ၆၁ရာခိုင်နှုန်း ရှိခဲ့တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုတော့ ပြီးခဲ့တဲ့ မတ်လကကျင်းပခဲ့တဲ့ စာမေးပွဲနဲ့ အခုပြန်လည်ကျင်းပတဲ့စာမေးပွဲအတွက် တစ်ပေါင်းတည်း ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။