၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းတက်သူ ၆ သန်းနီးပါး ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။နိုင်ငံတစ်ဝန်း နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်း နဲ့ ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းတွေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ဇွန်လ ၂ ရက်က ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ၅၈၂၂၉၅၄ ယောက် တက်ရောက်ပညာသင်ကြားခဲ့တာလို့ ဆိုပါတယ်။

အခုပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှုကတော့ လက်ရှိအချိန်ထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆၁၁၉၂၆၀ ယောက် ဖြစ်တယ်လို့ သိရပါတယ်။အခုပညာသင်နှစ်မှာ အခြေခံပညာ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းအပ်ချိန်မှာ သင်ရိုးညွှန်းတန်း စာအုပ်တွေ ဗလာစာအုပ်တွေ စာရေးကိရိယာတွေကို အခမဲ့ ထုတ်ပေးပြီး KG နဲ့ မူလတန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေလည်း အခမဲ့ ပေးအပ်ခဲ့ပါတယ်။အဲဒီအပြင် ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသားမိဘတွေ ယာဉ်အန္တရာယ် နဲ့ ဘေး အန္တ ရာယ် ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့တွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အေးချမ်း စွာ ပညာသင်ယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေတဲ့ ကျောင်းသား/ကျောင်းသူတွေကိုလည်း ဆက် လက် ကျောင်းအပ်လက်ခံပေးနေတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်ကနေ ဇွန် ၁ ရက်ထိပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဟာ ၆ သန်းကျော် ရှိခဲ့ပြီး ကျောင်းအပ်နှံသူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ခဲ့တယ်လို့လည်း သိရပါတယ်။