၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းတွေ ထုတ်ပေးတာကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်နားထား တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သိရပါတယ်။အမှတ်စာရင်းတွေ ပြန်လည်စိစစ်နိုင်ဖို့အတွက် အခုလို ရပ်နားလိုက်တာဖြစ်ပြီး စိစစ်ပြီးရင်တော့ ပြန်လည် ထုတ်ယူခွင့် ပြုမှာလို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းတွေကို ဇူလိုင် ၃၀ ရက်ကစပြီး ထုတ်ပေးနေတာဖြစ်ပြီး အဲဒီလို ထုတ်ပေးရာ မှာ အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူအချို့ အမှတ်စာရင်းတွေ ထုတ်ယူရာမှာ မှားယွင်းမှုတွေ ရှိခဲ့တာ ဖြစ် ပါတယ်။စာမေးပွဲအောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူအချို့ရဲ့ အမှတ်စာရင်းတွေမှာ ကျရှုံးဘာသာတွေ ပါရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ်စာရင်း ထုတ်ပေးတဲ့စနစ် ချို့ယွင်းမှုတွေကြောင့် နေပြည်တော် စာစစ်ဌာနရဲ့ အမှတ်စာရင်းအချို့မှာ မှားယွင်းပါရှိသွားတဲ့အတွက် အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူနိုင်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ နှစ်သိန်းကျော်ရှိပြီး တစ်သိန်းနီးပါး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။