ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းကနေ Tent အခု ၂၀၀ ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်၊၊ လှူဒါန်းတဲ့ Tent တွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက Country Representative Mr. Finbarr Sweeney (မစ္စတာ ဖင်ဘား ဆွီနီ)က Tent အခု ၂၀၀ ကို လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ တင်မောင်လှိုင်က လွှဲပြောင်းလက်ခံခဲ့တယ်လို့ သိရပါတယ်၊၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ လှူဒါန်းတဲ့ ပစ္စည်းတွေကို ငလျင်ဘေးသင့် ပြည်သူတွေဆီ လက်ဝယ် အရောက် ရောက်ရှိစေဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊