၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ဇွန်လ၂၁ ရက်အထိ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့ ကျောင်းသား ကျောင်းသူဦးရေ ၇ ဒသမ ၃ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရှိရတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၂၅ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တုန်း ကတော့ ကျောင်းသားဦးရေ ၈ သန်းကျော် အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလယ်တန်းအဆင့် အောင်မြင်ပြီးသူတွေအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနဲ့ သက်မွေးပညာရေးအပါအဝင် သင်ယူမှုအခွင့်အလမ်းတွေကို အခုထက်ပိုမိုဖော်ထုတ် အားပေးသွားကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသွားပါတယ်။