အဝေးသင်သင်တန်းတွေမှာ တက်ရောက်မယ့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံကြဖို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက နိုင်ငံပိုင်သတင်းစာတွေကနေ ထပ်မံအသိပေးကြေညာထားပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်း ကျောင်းဝင်မှတ်ပုံတင်တာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်မှာ စတင် လက်ခံခဲ့ရာ ၂ဝ၂၄ ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နောက်ဆုံးထားအပ်နှံဖို့ အသိပေးနှိုးဆော်ထားတာပါ။
ဒါ့အပြင် ဒုတိယနှစ်နဲ့အထက် ကျောင်းဝင်မှတ်ပုံတင်တာကိုလည်း ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ(၅) ရက်နေ့မှာ စတင်လက်ခံခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာတက္ကသိုလ်နဲ့ ဒီဂရီကော လိပ်တွေမှာ ဆောင်ရွက်ကြဖို့ ထပ်မံနှိုးဆော်ထားပါတယ်။