သွားလာရေးနဲ့လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့က ၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင့်ခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ခေါ်ယူတဲ့ အသိပေးကြေညာချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်ကထုတ်ပြန်တဲ့ ဒေသစရိတ်ခံစားခွင့်ရှိတဲ့ သွားလာရေးနဲ့လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေဖြစ်တဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ကိုးကန့်နဲ့ ‘ဝ’ဒေသတွေက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲကို သိပ္ပံဘာသာတွဲနဲ့အောင်မြင်ပြီး (၆)ဘာသာစုစုပေါင်းရမှတ်(၄၅၀)နဲ့အထက် ရရှိသူတွေအနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃)ဘာသာစုစုပေါင်းရမှတ် အများ/အနည်းပေါ်မူတည်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူ တွေဖြစ်ရမယ်လို့ ဆိုပါတယ်။
အဲဒီသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့သူတွေကို လူတွေ့နှုတ်မေး စာမေးပွဲစစ်ဆေးပြီး ဆေးတက္ကသိုလ်ဝင်ခွင့် အတွက် ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဝေးလံခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေရှိ စာစစ်ဌာနတွေက အောင်မြင်ပြီး သတ်မှတ်ချက်တွေနဲ့ပြည့်စုံကာ ရမှတ်အကျုံးဝင်သူတွေအနေနဲ့ အသေးစိတ်သိရှိလိုရင်တော့ နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။