တက္ကသိုလ်နှင့် ဒီဂရီကောလိပ်တွေရဲ့ (၂၀၂၅)ပညာသင်နှစ် ပထမနှစ် အဝေးသင် သင်တန်းတွေ ကျောင်းဝင် မှတ်ပုံတင်တာကို ဒီဇင်ဘာ (၂၆)ရက်ကစပြီး လက်ခံနေပြီဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

အဲဒီပထမနှစ် အဝေးသင် သင်တန်းတွေအတွက် ကျောင်းအပ်လက်ခံတာတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ(၃၁)ရက်အထိ သတ်မှတ်ထားတာပါ။

ဒါ့အပြင် ဒုတိယနှစ်နဲ့အထက် အဝေးသင် သင်တန်းတွေရဲ့ ကျောင်းဝင်မှတ်ပုံတင်တာကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၄) ရက်ကနေ မေလ(၁၆)ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း အဆင့်မြင့် ပညာဦးစီးဌာန ကနေ သိရပါတယ်။