၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၁၈ ရက် ဒုတိယမြောက်နေ့မှာ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုသူ ၂၀၈၆၅၉ ယောက်ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဝင်ရောက်ဖြေဆိုသူ ၉၄ ဒသမ ၄၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ကျင်းပနေတာပြီဖြစ်ပြီး မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနဲ့ ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စုစုပေါင်း စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၂၀၈၄၃ ယောက်ရှိပြီး စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို လာရောက်ဖြေဆိုသူကတော့ ၂၀၈၆၅၉ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။