သနပ်ခါးယဉ်ကျေးမှုကို ကမ္ဘာ့အမွေအနှစ်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ယူနက်စကို တင်သွင်းနိုင်ဖို့ စီစဉ်ဆောင်ရွက် နေရာ အခုအခါ စာတမ်းပြုစုမှု ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ် ပြုရေးကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို လုပ်ဆောင်ရာမှာ ယူနက်စကိုက သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ထားတဲ့ အထောက်အထားတွေ ထပ်မံ ဖြည့်ဆည်းရတာတွေကို အခုနှစ်မှာ ဆက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပြီး စာတမ်းအပြီး အစီးကို မတ်လ (၃၁) ရက်မှာ တင်သွင်းရတော့မှာ ဖြစ်ပါတယ်။အခုအခါ ယူနက်စကို ကို တင်သွင်းဖို့ စာတမ်းနဲ့အတူ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေး အဖွဲ့ ကလည်း မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူး တင်သွင်းသွားမှာ ဖြစ်တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။

သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဝင်ရောက်နိုင်ရေးအတွက် တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားတာြဖစ်ပြီး အထိမ်းအမှတ် လှုပ်ရှားမှုတွေကို တိုင်းနဲ့ ပြည်နယ် တွေမှာ ဒေသအလိုက် လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။ဒါ့အပြင် အများပြည်သူတွေရဲ့ သဘောထား စစ်တမ်း ကောက်ခံချက်တွေကို စတင်ကောက်ယူနေပြီဖြစ်ပြီး သဘော ထား စစ်တမ်းတွေကိုလည်း ယူနက်စကို အဖွဲ့အစည်းကို တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။