၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အကျုံးဝင်တဲ့ အသက်(၈၅)နှစ်နဲ့အထက် သက်ကြီးဦးရေတစ်သိန်းကျော်ကို (၃)လ တစ်ကြိမ် ငွေကြေးတွေ ထောက်ပံ့ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနကနေ သိရပါတယ်။လူမှုကာကွယ်စောင့်ရှောက်ရေးအစီစဉ်က အသက်(၈၅)နှစ်နဲ့အထက် သက်ကြီးဘိုးဘွားတွေကို လူမှုရေးပင်စင် အစီအစဉ်အနေနဲ့ ပေးအပ်နေတာပါ။

အဲဒီပေးအပ်သွားမယ့် သက်ကြီးဦးရေမှာ တစ်သိန်းကျော်ရှိပြီး တစ်ယောက် ကို တစ်လ ကျပ်တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။လူမှုရေးပင်စင် အစီအစဉ်မှာ အကျုံးဝင်တဲ့ အကျိုးခံစားခွင့်ရှိသူတွေကို လအလိုက် မြန်မာစီးပွားရေးဘဏ်ကနေ တစ်ဆင့် ထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနက သိရပါတယ်။အကျိုးခံစားခွင့်ရှိသူတွေကို သိရှိနိုင်စေဖို့အတွက် သက်ဆိုင်ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နေပြီး အခုနှစ် မှာတော့ ဇန်နဝါရီလကနေစတင် ထောက်ပံ့ပေးနေပြီ ဖြစ်ပါတယ်။

အကျုံးဝင်တဲ့ သက်ကြီးတွေအနေနဲ့လည်း စာရင်းတွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်၊ခရိုင်၊ပြည်နယ်လူမှုဝန်ထမ်းရုံးတွေကို စာရင်းလာရောက်သွင်းနိုင်တယ်လို့ သိရပါတယ်။ထောက်ပံ့ငွေ ထုတ်ယူတဲ့အခါမှာ အကျိုးခံစားခွင့်ရှိသူတွေ၊ ကိုယ်စားလှယ်အဖြစ် လာရောက်ထုတ်ယူတဲ့ သူတွေ အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေပြပြီး မြန်မာ့စီးပွားရေးဘဏ်မှာ ထုတ်ယူရမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။