နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ရေဘေးသင့်ကျောင်းတွေကို အမြန်ဆုံးပြင်ဆင်ထူထောင်ပြီး လာမယ့်အောက်တိုဘာလမှာပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောပါတယ်။
စက်တင်ဘာလ(၂၃)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေပြီး နှစ်ဝက်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုနိုင်တာမရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုလည်း အစားထိုးပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ပေးဖို့လိုတယ်လို့ပြောပါတယ်။
ဒါ့အပြင် ကျောင်းဆောင်နဲ့စာသင်ခန်းတွေ သန့်ရှင်းရေး၊ နုန်းတွေဆေးကြောရေး၊ သောက်ရေ၊ သုံးရေ ရရှိရေး ၊သန့်စင်ခန်းတွေသန့်ရှင်းရေးနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပြန်လည်ကျောင်းတက်နိုင်ရေးကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။