မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူအေအီး နိုင်ငံနဲ့ နီပေါနိုင်ငံတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ထပ်မံရောက်ရှိလာတယ် လို ထုတ်ပြန်ထားပါတယ်။ယူအေအီးနိုင်ငံက လှူဒါန်းတဲ့ ဆေးဝါးတွေနဲ့ ယာယီတဲတွေ စုစုပေါင်း ၆၅ ထုပ် ကီလိုဂရမ် ၂၄၈၆၀ ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဧပြီ ၁၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

ဆက်လက်ပြီး ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းမှာလည်း ယူအေအီးနိုင်ငံက ကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ အစား အစာတွေနဲ့ ယာယီတဲတွေ စုစုပေါင်း ၃၃၅၈၂ ကီလိုဂရမ် တင်ဆောင်လာတဲ့ လေယာဉ်ဟာ ထပ်မံ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေက လက်ခံ ကြိုဆိုခဲ့ကြပါတယ်။အလားတူ နီပေါနိုင်ငံက လူသားချင်းစနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ နဲ့ ဆေးဝါးတွေ စုစုပေါင်း ပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလိုဂရမ် တင်ဆောင်လာတဲ့ လေယာဉ်ကလည်း ဧပြီ ၁၀ ရက် မနက်ပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ရောက်ရှိလာတဲ့ ပစ္စည်းတွေကို ငလျင်ဘေးသင့် ဒေသတွေကို သက်ဆိုင်ရာ အစိုးရအဖွဲရဲ့ ကြီးကြပ်မှုနဲ့ ဆက်လက် ပိုဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို သိရပါတယ်။