မန္တလေးငလျင်ကြီး လှုပ်ခတ်တာကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းက လျှပ်စစ်ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေအပြင် လျှပ်စစ်မီတာတွေလည်း ထိခိုက်ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်တာတွေ ပြုလုပ်ခဲ့ရာ (၉၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ဓာတ်အားဖြန့်ဝေပေးနိုင်မှုက ရာနှုန်းပြည့်ဖြစ်နေပြီလို့ မန္တလေး လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းကနေ သိရပါတယ်။

ပြန်လည်ပြင်ဆင်တာတွေကိုတော့ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပရေးရှင်းက ဆောင်ရွက်ပေးနေတာ ဖြစ်ပြီး လက်ရှိမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနဲ့ ငလျင်ဒဏ်ကြောင့် ဖြိုချတာ တွေ ဆောင်ရွက်မဲ့ အဆောက်အဦးတွေရှိရင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိပါတယ်။