ငလျင်ကြီးဒဏ်သင့်ပြီး မီလောင်သွားတဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး ပြန်လည်ပြုပြင်ဖိုအတွက် ပြည်ပ ဆောက်လုပ်ရေးပညာရှင်အဖွဲဟာ မေလ ၁ရက် မနက်ပိုင်းက လာရောက်ကြည့်ရှုပါတယ်။အခုလို လာရောက်ကြည့်ရှုရာမှာ မန္တလေးတက္ကသိုလ်က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက ဆောက်လုပ်ရေးပညာရှင်တွေလည်း ပါဝင်ပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးဟာ ငလျင်ဒဏ်သင့်ခဲ့ပြီး မီးလောင်ခဲ့ကာ မန္တလေးတက္ကသိုလ်ကို ရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ တက္ကသိုလ် ပရဝုဏ်အတွင်းရှိ တခြားအဆောင်တချိုလည်း ငလျင်ဒဏ်သင့်ခဲ့တာပါ။ဒါ့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးဆေးတက္ကသိုလ်နဲ့ စိန်ပန်းရပ်တိုမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။မန္တလေးတက္ကသိုလ်ကြီးဟာ အခု၂၀၂၅ခုနှစ်၊ ဇူလိုင်လမှာ နှစ်၁၀၀ပြည့်မြောက်ပြီလည်းဖြစ်ပါတယ်။