ဘီလာရုစ် နိုင်ငံရှိ တက္ကသိုလ်တွေမှာ ပညာတော်သင်နေတဲ့ မြန်မာသင်တန်းသား တပ်မတော်အရာရှိ ၆၂ယောက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်နိုင်ငံ ၊ မင့်စ်မြိုရှိ President Hotel မှာ မတ်လ ၇ ရက် ၊ ဒေသစံတော်ချိန် ညပိုင်းက တွေ့ဆုံပြီး ဩဝါဒစကား ပြောကြားပါတယ်။

အဲဒီလိုတွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်အပေါ်သစ္စာရှိဖို့၊ မိမိကိုယ်ကို တန်ဖိုးထားဖို့၊ လုံလဝီရိယအပြည့်နဲ့ ကြိုးစားအားထုတ်ကြဖို့ လမ်းညွှန်မှာကြားပါတယ်။တွေ့ဆုံပွဲ အခမ်းအနားကိုတော့ နစက ဥက္ကဋ္ဌ နဲ့အတူ နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက အဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နစက ဥက္ကဋ္ဌ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေ နဲ့ ဒုတိယဝန်ကြီးတွေ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။