မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင် ၁၀ ရက်ကနေ လက်ရှိ အချိန်ထိ ကျောင်း ၁၉ ကျောင်း ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။
အဲဒီစာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရေဘေးအန္တရာယ်ကင်းဝေးစေဖို့ မြစ်ရေကျဆင်းတဲ့အထိ ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေပြန်ကျလို့ ကျောင်းတွေပြန်ဖွင့်နိုင်ရင်လည်း သင်ခန်းစာတွေ နောက်မကျစေဖို့ စာသင်ရက်တွေကို အစားထိုးပြီး ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် ပွင့်ဖြူမြို့နယ်မှာ မြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာတချို့က သီးနှံစိုက်ခင်းတွေလည်း ပျက်စီးမှု ရှိတယ် လို့ သိရပါတယ်။