ပြည်ထဲရေး နှင့် ပညာရေးဝန်ကြီးဌာနတွေရဲ့ ဒုတိယဝန်ကြီး နှစ်ယောက် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေး ကောင်စီက ဇန်နဝါရီ ၃၁ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ် အောင်ကျော်ကျော် နဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးနေမျိုးလှိုင် တို့ကို ခန့်အပ်တာဝန်ပေးလိုက်တာပါ။

အဲဒါကြောင့် ပညာရေးဝန်ကြီးဌာနမှာတော့ ဒုတိယဝန်ကြီးတွေအဖြစ် ဒေါက်တာ ဇော်မြင့် နဲ့ ဦးနေမျိုးလှိုင် တို့က တာဝန်ထမ်းဆောင်သွားမှာပါ။ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ကိုတော့ တာဝန်ကနေ အနားယူခွင့် ပြုလိုက်တယ် လို့ အမိန့်ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်အဖြစ် ဦးတိုးရီ ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ် လို့လည်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။