လက်ရှိမှာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့အနေနဲ့ အမျိုးသားသင်ရိုးညွှန်းတမ်း နဲ့ သင်ကြားတဲ့ ပုဂ္ဂလိက အခြေခံပညာကျောင်း ၁၃၀၀ နီးပါးကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာနရဲ့ ဖြေကြားချက်အရသိရပါတယ်၊၊ မှတ်ပုံတင်ခွင့်ပြုပေးလိုက်တဲ့ ပုဂ္ဂလိက ကျောင်းအခြေခံပညာ ကျောင်းဟာ ၁၂၈၈ ကျောင်းရှိပြီး ၂ နှစ်ကနေ ၅ နှစ်အထိ မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
လက်ရှိအချိန်အထိ ပုဂ္ဂလိက တက္ကသိုလ်/ကောလိပ်တွေကို တရားဝင်ခွင့်ပြုထားတာတွေ မရှိသေးပေမယ့် လျှောက်ထားဆဲကျောင်းကတော့ ၄၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါ)က ပြောပါတယ်၊၊
အဲဒီအပြင် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေအနေနဲ့ စိစစ်ထောက်ခံ၊ မထောက်ခံ တင်ပြလာတဲ့ နိုင်ငံတကာ အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပုဂ္ဂလိကကျောင်းနဲ့ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းတွေကို စိစစ်ပြီး အခုလအတွင်းမှာ ဆက်လက်ခွင့်ပြုနိုင်ဖို့အတွက်လည်း ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ဖြေကြားချက်အရ သိရပါတယ်၊၊