ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ပညာတော်သင်ရောက်ရှိနေတဲ့ သင်တန်းသားအရာရှိတွေအနေနဲ့ နိုင်ငံအပေါ် သစ္စာ စောင့်သိဖို့ အလေးထားမှာကြားလိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ပညာတော်သင် ရောက်ရှိနေ တဲ့ စစ်ဘက်၊ အရပ်ဘက်က အရာရှိသင်တန်းသားတွေနဲ့ မတ် ၄ ရက် ညပိုင်းက မော်စကိုမြို့ရှိ Radisson Collection Hotel မှာ တွေ့ဆုံအမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားသွားတာပါ။

နိုင်ငံအတွက် လိုအပ်ချက်ရှိတာတွေကြောင့် ပညာတော်သင်တွေ စေလွှတ်တာဖြစ်ပြီး မိမိတို့ဟာ ရွေးချယ်ခံရတဲ့ ထူးချွန်သူတွေဖြစ်တာနဲ့အညီ ဆက်လက်ပြီးတော့လည်း ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ်ဟာ AI ခေတ်အထိ ရောက်ရှိနေပြီဖြစ်ပြီး မိမိတို့နိုင်ငံအတွက် လိုအပ်တဲ့ နည်းပညာ တွေ တိုးတက်စေရေး ကြိုးပမ်းသင်ယူကြဖို့လိုသလို အကောင်းဘက်ကိုဦးတည်တဲ့ AI နည်းပညာတွေကို လေ့လာ သင်ယူကြဖို့လိုတယ်လို့လည်း မှာကြားခဲ့ပါတယ်။