ကျောက်ဆည်ခရိုင်မှာ ပြင်းထန်မန္တလေးငလျင်ကြီးကြောင့် လူနေထိုင်ဖို့မသင့်တဲ့၊ အကြီးစားပြုပြင်ဖို့လိုအပ်ပြီး နေအိမ်အခက်အခဲရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေအတွက် Modular House တွေကို အငှားစနစ်နဲ့နေထိုင်ခွင့်ပေး သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောပါတယ်။ ကျောက်ဆည်ခရိုင်အတွင်းမှာ Modular House အလုံး ၅၀ ထားရှိဖို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ၁၅ လုံးမှာယူ ထားတယ်လို့ သိရပါတယ်။

မကြာခင်မှာ မိုးကျတော့မှာ ဖြစ်တဲ့အတွက်Modular House တွေဟာ မိုးလုံ၊ လေလုံပြီး၊ လုံခြုံစိတ်ချရတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာဖြစ်တယ်လို့ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေး မှူးဦးကောင်းမြတ်နိုင်က ပြောပါတယ်။ပြည်သူတွေအတွက် လိုအပ်ချက်ရှိနေတဲ့ Modular House တွေကို ကျောက်ဆည်မြို့နယ်အတွက် အလုံး ၃၀၊ စဥ့်ကိုင်မြို့နယ်အတွက် ၁၀ လုံးနဲ့ မြစ်သားမြို့နယ်အတွက် ၁၀ လုံး ကနဦးအနေနဲ့လျာထားတယ်လို့ ဆိုပါတယ်။

Modular House တွေကို တရုတ်နိုင်ကနေ မှာယူတာဖြစ်ပြီး တစ်လုံးကို စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၂၅ သိန်း ရှိပြီး အခုမှာယူထားတဲ့ Modular House တွေကို ကျောက်ဆည်မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေနဲ့ စဥ့်ကိုင် မြို့က စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေ စုပေါင်းလှူဒါန်းထားတာပါ။လက်ရှိမှာ ကနဦး ၁၅ လုံးကိုသာ ရရှိထားပြီး လိုအပ်တဲ့ ၃၅ လုံးအတွက် အလှူငွေရရှိနိုင်ဖို့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ အလှူငွေလက်ခံရေးကော်မတီကို ဖွဲ့စည်းထားကာ ဘဏ်အကောင့်တွေ ဖွင့်ထားတယ်လို့ သိရပါတယ်။