မန္တလေးငလျင်ကြီး ဘေးဒဏ်ခံစားခဲ့ရတဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ထဲက သောက်သုံး ရေအခက်အခဲ ဖြစ်ပေါ်နေတဲ့ မြိုနယ်တွေက ပြည်သူတွေ ရေရရှိရေးအတွက် နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနက မီးသတ် တပ်ဖွဲဝင်တွေဟာ ရေသယ်ယာဉ်များစွာအသုံးပြုပြီး နေအိမ်တွေအရောက် အခမဲ့ ရေဖြန့်ဝေပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို သိရပါတယ်။

နေပြည်တော်အတွင်းရှိ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားနဲ့ လယ်ဝေး အစရှိတဲ့ မြိုနယ်တွေမှာ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေတာလို ဆိုပါတယ်။သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေတဲ့ ပြည်သူတွေကို မတ် ၃၀ ရက်က စတင်ပြီး အခမဲ့ရေဖြန့်ဝေပေးခဲ့တာလို ဆိုပါတယ်။ အစပိုင်းမှာ ရေပြတ်လပ်မှု အခက်အခဲတွေ များစွာကြုံတွေ့ခဲ့ပြီး နောက်ပိုင်းမှာတော့ မီးသတ်တပ်ဖွဲ ဝင်တွေကနေ အိမ်တွေအရောက် အခမဲ့ရေဖြန့်ဝေပေးတာကြောင့် အဆင်ပြေမှု ရှိခဲ့တယ်လိုလည်း ဇဗ္ဗူသီရိမြိုနယ် သုခတော်ဝင် ပြည်သူ့အငှားအိမ်ရာမှာ နေထိုင်တဲ့ ပြည်သူတချိုက ပြောပါတယ်။သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေတဲ့ ပြည်သူတွေ ရေရရှိရေးအတွက် ရန်အောင်မြေဆည်နဲ့ စက်စက်ယိုဆည် တွေက ရေတွေကို ရေစုပ်စက်တွေနဲ့ ရေစုပ်တင်ကာ အခမဲ့ဖြန့်ဝေပေးတာဖြစ်တယ်လို သိရပါတယ်။