၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထမြောက်နေ့ မတ်လ ၂၀ ရက်မှာ ဓာတုဗေဒဘာသာရပ်ကို လာရောက် ဖြေဆိုသူ ၁၈၅၆၆၄ ယောက်ရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၉၄ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူကတော့ ၉၉၃၉ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအပြင် ပထဝီဝင်ဘာသာရပ်ကို လာရောက် ဖြေဆိုသူ ၂၂၈၄၆ ယောက်ရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၉၀ ဒသမ ၅၂ ရာခိုင်နှုန်း ရှိခဲ့သလို လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူကတော့ ၂၃၉၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ကျင်းပနေတာဖြစ်ပြီး မတ်လ ၂၂ ရက်အထိ ပိတ်ရက်မရှိ ကျင်းပနေတာဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနဲ့ ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စုစုပေါင်း စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၂၀၈၄၃ ယောက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။