တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကိုတော့ မန္တလေးငလျင်ကြီးကြောင့် ပြန်ဖြေဆိုရမယ့် စာမေးပွဲပြီးမှသာ တစ် ပေါင်းတည်း ထုတ်ပြန်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်က နိုင်ငံပိုင်းသတင်းဌာနကတစ်ဆင့် ဖြေကြားထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လက ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပေးမယ် လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြချက်တွေအပေါ် ကြေညာထားတာ မရှိဘူးလို့လည်း ဖြေကြား ထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ဖြေဆိုရမယ့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုစစ်ဆေးပြီးမှသာ ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးအောင်က အခုလို ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်တဲ့အခါမှာလည်း နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ မြန်မာ့အသံ စတဲ့ နေရာတွေကနေ ကြေညာပေးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကောလာဟလတွေ မယုံကြည်ကြဖို့ ကိုလည်း ပြောကြားခဲ့ပါတယ်။

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအတွက် တက္က သိုလ်ဝင် စာမေးပွဲကိုတော့ လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပ စစ်ဆေး သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုခဲ့သူ တစ်သိန်း နှစ်သောင်းကျော်ရှိပြီး ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်တဲ့အတွက် အောင်ချက် ၅၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရ ပါတယ်။