၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကာလအတွင်း ရန်ကုန်မြိုတွင်းမှာ ပြေးဆွဲပေးနေတဲ့ YBS ယာဉ် တွေကို တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲကာလအတွင်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ သွားလာရေး အဆင်ပြေ ချောမွေ့စေဖို့၊ အခက်အခဲတစ်စုံတစ်ရာမဖြစ်စေဖို့ ရည်ရွယ်ပြီး ပြေးဆွဲပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်နေ့ကို YBS ယာဉ်စုစုပေါင်း ၃၅၀၀ နဲ့ ၃၆၀၀ ဝန်းကျင်လောက် ပြေးဆွဲ ပေးနေတာဖြစ်ပါတယ်။ စာမေးပွဲကာလအတွင်းကိုတော့ တစ်နေ့ကို YBS ယာဉ်စုစုပေါင်း ၄၀၀၀ ဝန်းကျင်လောက် တိုးချဲ့ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

ဒါ့အပြင် ဘေးန္တရာယ်တစ်စုံတစ်ရာမဖြစ်စေဖို့နဲ့ လမ်းတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေဖို့အတွက် YRTC စည်းကမ်းထိန်းသိန်းရေး စစ်ဆေးရေးဌာနအဖွဲ့တွေကို မှတ်တိုင်မှာ တာဝန်ချထားပေးမှာဖြစ်တဲ့အတွက် အခက် အခဲတစ်စုံတစ်ရာရှိလာပါက အကူအညီတောင်းခံနိုင်ပြီး YRTC Mini-bus ယာဉ် (၁၀) စီးကိုလည်း အသင့်ဆောင် ရွက်ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။