၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က သတင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာစစ်ဌာနအသီးသီးမှာ ဖြေဆို ကြမယ့် ကျောင်းသား/ကျောင်းသူတွေဟာ မိမိတို့ရဲ့ ဓာတ်ပုံကပ်ထားတဲ့ ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ် ပြားတွေကို ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင် ထုတ်ယူရမှာ ဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနဲ့ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်းက ကျောင်းသား/ကျောင်းသူတွေဟာ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေကို မိမိတို့ ကျောင်းအုပ်ကြီးတွေဆီမှာ ထုတ်ယူရမှာဖြစ်ပါတယ်။ ပြင်ပဖြေဆိုသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား တွေကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူကြရမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူရာမှာ အခက်အခဲတွေရှိရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ် ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွေမှာ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းဖို့နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေ ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲမကျင်းပမီ တစ်ရက်အလိုအထိ လက်ခံပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က နိုင်ငံပိုင် မီဒီယာကတစ်ဆင့်ဖြေကြားထားပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ နှစ်သိန်း နှစ်သောင်းကျော် ရှိကာ စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ သိရပြီး လာမယ့် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်ထိ မိမိတို့ယူထားတဲ့ဘာသာ တွဲအလိုက် ပိတ်ရက်မရှိဖြေဆိုရမှာ ဖြစ်ပါတယ်။